the fundamentals of a constitution MY

၂၀၁၇ ခုနှစ် ဧပြီလ

ဤအခြေခံဥပဒေအတိုချုပ်တွင် အခြေခံဥပဒေများ၏
သဘောသဘာဝ၊ လက်တွေ့အသုံးဝင်မှုတို့နှင့်
ပတ်သက်ပြီး အခြေခံအချက်အလက်များပါရှိသည်။
အခြေခံဥပဒေရေးဆွဲသူများ၊ အခြားသော
ဒီမိုကရေစီအရေး လှုပ်ရှားဆောင်ရွက်သူများ၊
ပါဝင်သင့်ပါဝင်ထိုက်သူများ အသုံးပြုရန် ရည်ရွယ်
ရေးသားထားခြင်းဖြစ်သည်။

MyConstitution

taMumif;

MyConstitution စီမက
ံ န
ိး သည် မြန်မာနုင
ိ င
် ၏
ံ ဒီမက
ို ရေစီ


The Fundamentals of a Constitution
Nora Hedling

အသွင်ကူးပြောင်းရေးနှင့် ရေရှည်တည်တံ့သော
ငြိမ်းချမ်းရေး တည်ဆောက်ခြင်းတို့တွင် မရှိမဖြစ်
လိုအပ်သော အစိတ်အပိုင်းတစ်ခုဖြစ်သည့် ပြည်တွင်းဖြစ်
ဖြစ်သော၊ အသိပညာကြွယဝ
် သော ဖွဲ့ စည်းပံအ
ု ခြေခံဥပဒေ
ဆိင
ု ရ
်ာယဉ်ကျေးမှုတစ်ရပ်ဖော်ဆောင်ရန် ရည်မန
ှ်း ကာ

အခြေခံဥပဒေဆိုသည်မှာ နိုင်ငံတော်၏ အခြေခံဖွဲ့စည်းပုံ၊ လည်ပတ်ပုံများကို ဖော်ပြထားသော

လုပက
် င
ုိ ေ

် ဆာင်ရက
ွ လ
်ျက်ရှိသည်။ တောင်းဆိုမှုများ

ပင်မဥပဒေများ၊ မူများကို စုစည်းထားခြင်းဖြစ်သည်။ အစိုးရ၏လုပ်ကိုင်ဆောင်ရွက်မှုမှန်သမျှကို အလေး

ပေါ်တွင်အခြေခံကာ ဖွဲ့စည်းပုံအခြေခံဥပဒေ

ထားဖော်ပြထားကာ လမ်းညွှန်မှုပြုသည့် အခြေခံမူများ၊ စံများလည်း အခြေခံဥပဒေတွင် ပါဝင်နေသည်။

တည်ဆောက်ခြင်း ကြိုးပမ်းဆောင်ရွက်မှုများတွင် ပါဝင်

နိုင်ငံတော်၏ အထောက်အပံ့ဖြစ်ပြီး နိုင်ငံတော်ကိုပုံဖော်သည့် အခြေခံကျသောလုပ်ငန်းတွင် အဓိက

နေသူများကို ကျွမ်းကျင်ပညာရှင်များက အကြံပေးသည့်
ဝန်ဆောင်မှုကို ပံ့ပိုးပေးလျက်ရှိသည်။ ဤကဲ့သို့သော

ဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ မူလသဘောသဘာဝနှင့် အခန်းကဏ္ဍရှုထောင့်မှ ဖော်ပြရလျှင်

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ စာတမ်းစာစဉ်များသည်


အခြေခံဥပဒေဟူသည် ရေရှည်တည်တံ့ရသည့်အရာ၊ ပြောင်းလဲရန်၊ ပျက်ပြယ်အောင်လုပ်ရန် မလွယ်

ဖွဲ့စည်းပုံအခြေခံဥပဒေ တည်ဆောက်ခြင်းကြိုးပမ်း

သည့်အရာမျိုး ဖြစ်တတ်သည်။

ဆောင်ရွက်မှု၏ တစ်စိတ်တစ်ဒေသဖြစ်သည်။
ထို့ပြင် MyConstitution စီမံကိန်းသည် မြန်မာနိုင်ငံ၏
သမိုင်းကြောင်း၊ အခြားနှိုင်းယှဉ်လေ့လာမှု အတွေ့အကြုံ
များ စသည်တို့ကိုအခြေခံကာ သင့်လျော်သော ဖွဲ့စည်းပုံ
အခြေခံဥပဒေကိစ္စရပ်များကို လေ့လာရန်နှင့် ဆွေးနွေး
ငြင်းခုနန
် င
ို မ
် ည့် အခွငအ
့် လမ်းများကိလ
ု ည်းပံပ
့ိးု ပေးပါသည်။


အခြေခံဥပဒေသည် ဥပဒေကြောင်း၊ နိင
ု င
် ေ
ံ ရး၊ လူမေ
ႈ ရးတိ၏
႔ု လက္နက္ကရ
ိ ယ
ိာအဖြစ် တစ်ပြိုင်နက်
အသုံးတော်ခံသည်။ ဥပဒေကြောင်းအရဆိုလျှင် လူ့အခွင့်အရေးကိုကာကွယ်စောင့်ရှောက်ခြင်း၊ မျှော်မှန်း
တွက်ဆနိုင်သည့် တရားရေးကဏ္ဍ အခင်းအကျင်းကို ပေါ်ပေါက်စေသည်။ အခြေခံဥပဒေသည် အခြား
ဥပဒေများ အထက်တွင်ရှိခြင်း၊ သို့မဟုတ် အမြင့်ဆုံးဥပဒေဖြစ်ခြင်းကြောင့် စည်းမျဉ်းစည်းကမ်းများ
သတ်မှတ်ကွပ်ကဲခြင်း၊ ဥပဒေပြုခြင်း၊ အင်စတီကျူးရှင်းများ၊ လုပ်ထုံးလုပ်နည်းများမှန်သမျှမှာ ယင်း
အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကပေးထားသည့် မူဘောင်အတွင်းတွင် လုပ်ဆောင်ရသည်။ အင်စတီ

နော်ရာ ဟက်လင်းသည် အခြေခံဥပဒေအရဖြစ်လာသော
ဥပဒေများကိုလေ့လာသည့်(Constitutional Law)
နယ်ပယ်တွင် လုပ်ကိုင်နေသည့် ရှေ့နေဖြစ်သည်။

ကျူးရှင်းများ၊ လုပ်ထုံးလုပ်နည်းများ သို့မဟုတ် ဥပဒေပြုခြင်းတို့က ချိုးဖောက်ခြင်းမပြုရသည့် နိုင်ငံသား
တို့၏ ရပိုင်ခွင့် အခွင့်အရေးများ၊ နိုင်ငံတော်က အာမခံပေးရန် လုပ်ဆောင် ကြိုးပမ်းရမည့် နိုင်ငံသားတို့၏


ရွေးကောက်ပဥ
ွဲ ပဒေ၊ တရားရေးကဏ္ဍပြုပြင်ပြောင်းလဲမှု

အခွင့်အရေးများကိုလည်း အခြေခံဥပဒေတွင် ရှင်းလင်းစွာဖော်ပြထားသည်။ အုပ်ချုပ်ရေးအာဏာများကို

တိက
ို့ သုတေသနပြုခြဲ့ ပီး IIDEA ထုတလ
် က်စစ
ွဲာအုပ်

သတ်မှတ်ခြင်း၊ ခွဲဝေဖြန့်ကျက်ခြင်း၊ ကန့်သတ်ခြင်းတို့ပြုကာ ပြည်သူ့ရေးရာမူဝါဒကို အလေးအနက်စဉ်းစား

ဖြစ်သည့် A Practical Guide to Constitution Building

(ဖွဲ့ စည်းပုအ
ံ ခြေခံဥပဒေတည်ဆောက်ရေး လက်တွေ့

ခြင်း၊ ဆုံးဖြတ်ခြင်းအတွက် ချိတ်ဆက်ဖွဲ့စည်းပုံ ပါဝင်နေသည်။ လူမှုရေးအရဆိုလျှင် အများလက်ခံ


လမ်းညွှန်စာအုပ်) ကို ပူးတွဲရေးသားခဲ့သည်။ Tufts

ထားသော တန်ဖိုးစံများ သို့မဟုတ် အရင်းမူလဖြစ်သော အခြေခံမူများကို ထင်ဟပ်ဖော်ပြကာ အခြေခံ

တက္ကသလ
ို မ
ှ် ဝိဇ္ဇာ ဘွဲ့ ရခြဲ့ ပီးနောက် မင်နဆ
ီ တ
ိုာတက္ကသလ
ို

ဥပဒေသည် နိုင်ငံတော်၏ နိုင်ငံသားတို့နှင့်ဆိုင်သော မျှော်မှန်းချက် သို့မဟုတ် တူညီသော အမှတ်

ဥပဒေပညာဋ္ဌာနမှ ဥပဒေပညာပါရဂူဘွဲ့ရခဲ့သည်။
စတော့ဟုမ်း တက္ကသိုလ်မှ Master of European Law
ဘွဲ့ကိုရရှိခဲ့ပြီး ယင်းတက္ကသိုလ်တွင်ပင် Oxford
University Press Law Prize ဆုချီးမြှင့်ခံရသည်။

လက္ခဏာကို ထင်ဟပ်ဖော်ပြထားသည်။


International IDEA
ဒီမိုကရေစီနှင့်ရွေးကောက်ပွဲဆိုင်ရာ
အကူအညီပေးရေး နိုင်ငံတကာအဖွဲ့အစည်း

အက္ခရာတင်ပြဋ္ဌာန်းသော အခြေခံဥပဒေနှင့် အက္ခရာတင်ပြဋ္ဌာန်းခြင်းမပြုသည့် အခြေခံဥပဒေ- အုပ်ချုပ်
ရေးစနစ်ဟူသမျှသည် ဓလေ့ထုံးတမ်းကိုအားပြုသည့် စံသတ်မှတ်ချက်များ၊ ဓလေ့ထုံးတမ်းများ၊ အလေ့အကျင့်

(International IDEA) သည် ကမ္ဘာအနှံ့အပြားတွင်

များကို အတိုင်းအတာတစ်ခုအထိ မှီခိုအားပြုကာ ပြည်သူ့ရေးရာ လုပ်ပိုင်ခွင့်အာဏာ ကျင့်သုံးမှုကို ချမှတ်ပေး

ရေရှည်တည်တံ့သော ဒီမိုကရေစီကို ထောက်ပံ့

သည်မှာမှန်သော်လည်း ခိုင်မာသည့် တရားရေးဆိုင်ရာ မှတ်တမ်းမှတ်ရာအသွင်ဖြင့် အက္ခရာတင်ပြဋ္ဌာန်းထား

ပေးရန် တာဝန်ထမ်းရွက်နေသည့် အစိုးရချင်း

သော အခြေခံဥပဒေကို အုပ်ချုပ်ရေးစနစ်အားလုံးလိုလိုက မဏ္ဍိုင်ပြုကြရသည်သာဖြစ်သည်။ ယူကေ၊ နယူး

ချိတ်ဆက်လုပ်ကိုင်သော အဖွဲ့အစည်းဖြစ်သည်။


www.idea.int

ဇီလန်၊ အစ္စရေး စသည့် နိုင်ငံအနည်းစုကသာ အခြေခံဥပဒေကို အုပ်ချုပ်ရေးစနစ်က မဏ္ဍိုင်ပြုရသည့်ပုံစံမှ
သိသိသာသာ ကွဲလွဲသည့် နိုင်ငံများဖြစ်သည်။
နိုင်ငံရေးဆန်သည့် အခြေခံဥပဒေနှင့် တရားရေးဆန်သည့် အခြေခံဥပဒေ - ဖွဲ့စည်းပုံအခြေခံဥပဒေကို
အတည်ပြုရန်နှင့် အနက်ဖွင့်ဆိုရန်ကိစ္စမှာ နိုင်ငံအများစုတွင် တရားရေးမဏ္ဍိုင်၏တာဝန်ဖြစ်သည်။ အထူး
သဖြင့် ဥပဒေများသည် အခြေခံဥပဒေနှင့် ကိုက်ညီမှုရှိသလား၊ သွေဖည်နေသလားဆိုသည်ကို တရားရုံးများက
စီရင် ဆုံးဖြတ်နိုင်စွမ်းရှိခြင်းသည် တရားရေးမဏ္ဍိုင်၏ သိသာထင်ရှားသော တာဝန်တစ်ခုဖြစ်သည်။ ဤကဲ့သို့
သော အခြေခံဥပဒေများသည် “တရားရေးဆန်သော အခြေခံဥပဒေ” များဟုခေါ်ကြသည်။ ဆွစ်ဇာလန်နှင့်
နယ်သာလန်လို နိုင်ငံများတွင် “နိုင်ငံရေးဆန်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ” များရှိသည်။ နိုင်ငံရေးဆန်သည့်
ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဥပဒေပြုရေးမဏ္ဍိုင်သည် ဖွဲ့စည်းပုံအခြေခံဥပဒေကို အနက်ဖွင့်ဆိုရန်၊ အတည်ပြု
ရန် အဓိကတာဝန်ယူရသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေသည် ရည်ရွယ်ချက်များစွာကို ဖြည့်ဆည်းလုပ်ဆောင်ပေးသည်။ အစိုးရ လက်
အောက်ခံ အင်စတီကျူးရှင်းများကို လုပ်ပိုင်ခွင့်အာဏာအပ်နှင်းခြင်း၊ အစိုးရလုပ်ပိုင်ခွင့်အာဏာ ကျင့်သုံးမှုကို
ချမှတ်ပေးခြင်းတို့သည် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အဓိကလုပ်ဆောင်ချက်များဖြစ်ပေသည်။ ဥပဒေကြမ်းများ
ရေးဆွဲခြင်း၊ ဥပဒေများပြဋ္ဌာန်းခြင်း၊ အစိုးရ၏၀န်ဆောင်မှုကို စီစဉ်ချမှတ်ခြင်း၊ အငြင်းပွားမှုများ ဖြေရှင်းပေးခြင်း
တို့အတွက် တရားဥပဒေနှင့်ညီညွတ်သော တရားရေးနှင့် နိုင်ငံရေးအခြေခံ သဘောတရားများကို အခြေခံ
ဥပဒေမှ ရရှိသည်။ ထိုသို့လုပ်ဆောင်နိုင်ရန် အခြေခံဥပဒေသည် အစိုးရ၏ (အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊

တရားရေး) စသည့် မဏ္ဍိုင်များအကြားတွင် အခွင့်အာဏာများကို ဖြန့်ဝေခြင်း၊ တာဝန်နှင့် တာဝန်ယူမှုများကို
ခွဲဝေဖြန့်ဖြူးပေးရမည်။ ထိုမဏ္ဍိုင်များကြား ကူးလူးဆက်ဆံမှုကိုလည်း အခြေခံဥပဒေက ချမှတ်ပေးနိုင်ရမည်။

ကဏ္ဍပေါင်းစုံက တာဝန်ရှိသူများနှင့် အင်စတီကျူးရှင်းပေါင်းစုံကြားမှာ “အလျားလိုက် လုပ်ပိုင်ခွင့်
အာဏာခွဲဝေဖြန့်ဖြူး” ဖို့ အခြေခံဥပဒေများက အားထုတ်လုပ်ကိုင်ကြလေ့ရှိသည်။ ဥပမာ ဥပဒေပြုရေးမဏ္ဍိုင်၏
လွှတ်တော်နှစ်ရပ်ကြား သို့မဟုတ် သမ္မတနှင့် ၀န်ကြီးချုပ်တို့ကြား လုပ်ပိုင်ခွင့်အာဏာတို့ကို ‘အလျားလိုက်’
ခွဲဝေဖြန့်ဖြူးမှုပြုရန် အခြေခံဥပဒေများတွင် ဖော်ပြပါရှိခြင်းမျိုးဖြစ်သည်။ အချို့ဖြစ်ရပ်များတွင် အလျားလိုက်
အာဏာခွဲဝေမှုကို အရပ်ဘက်နှင့် စစ်ဘက်အာဏာပိုင်များကြား၊ လောကီနှင့် ဘာသာရေးအင်စတီကျူးရှင်း
များကြား၊ သို့မဟုတ် ‘ပါတီ-နိုင်ငံရေး’ အင်စတီကျူးရှင်းများနှင့် ရွေးကောက်ပွဲကော်မရှင် သို့မဟုတ် အစိုးရ
ဝန်ဆောင်မှု ကော်မရှင်အဖွဲ့များကဲ့သို့ လွတ်လပ်ပြီး အမှီအခိုကင်းသော အင်စတီကျူးရှင်းများကြားတွင်
အလျားလိုက် လုပ်ပိုင်ခွင့်အာဏာ ခွဲဝေဖြန့်ဖြူးမှုများကိုလည်း ထည့်သွင်းစဉ်းစာရန် သင့်လျော်ပါသည်။
ဤကဲ့သို့သော လုပ်ပိုင်ခွင့်အာဏာခွဲဝေမှုကို အပြန်အလှန် ထိန်းကျောင်းစောင့်ကြည့်မှု စနစ်တစ်ခု ဖြစ်ပေါ်
လာစေရန်သော်လည်းကောင်း တာဝန်ရှိသူတစ်ဦး သို့မဟုတ် အာဏာပိုင်အဖွဲ့တစ်ခုမှဖြစ်စေ လုပ်ပိုင်ခွင့်
အာဏာပေါ်တွင် အလွန်အမင်းရယူထားသည့် အန္တရာယ်များမရှိစေရန်အတွက်သော်လည်းကောင်း ပုံစံချထား
နိုင်သည်။ တစ်ပြိုင်နက်တည်းတွင် ရှေ့မတိုးနောက်မဆုတ် ရပ်တန့်နေသော (deadlock) အခြေအနေသို့
ရောက်မသွားစေပဲ ပြည်သူ့လိုအပ်ချက်များကို တုံ့ပြန်ဆောင်ရွက်ပေးနိုင်သည့် ထိရောက်အကျိုးများသော
အုပ်ချုပ်ရေးစနစ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေများက တည်ထောင်ပေးရန်လည်း လိုပြန်သည်။

Inter nat ional IDE A Cons t it ut ion Br ief, A pr il 2017


2

နိုင်ငံလုံးဆိုင်ရာ သို့မဟုတ် ဗဟိုအာဏာပိုင်များနှင့် ဒေသဆိုင်ရာအာဏာပိုင်များကြား လုပ်ပိုင်ခွင့်
အာဏာ ‘ဒေါင်လိုက်’ ခွဲဝေဖြန့်ဖြူးမှုကို ဖွဲ့စည်းပုံအခြေခံဥပဒေများက ချမှတ်ပေးလေ့ရှိသည်။ ထိုဒေါင်လိုက်
လုပ်ပိုင်ခွင့် အာဏာခွဲဝေဖြန့်ဖြူးမှုသည် ဒေသအသီးသီးကိုသာမက အပယ်ခံ သို့မဟုတ် လူနည်းစု အစုအဖွဲ့
များကိုလည်း အသိအမှတ်ပြုမှုနှင့် လုပ်ပိုင်ခွင့်အာဏာပေးအပ်မှုတို့ ဖြစ်ပေါ်စေနိုင်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ
တွင် အဆိုပါဒေါင်လိုက် အာဏာခွဲဝေဖြန့်ဖြူးမှုကို အလွန်အကျွံချမှတ်ပြဋ္ဌာန်းထားပါက ထိရောက်အကျိုး
ဖြစ်ထွန်းမှု မရှိခြင်း၊ လုပ်ငန်းဆောင်ရွက်မှုများမလိုအပ်ဘဲ ဖောင်းပွခြင်း၊ အသုံးစရိတ်တိုးလာခြင်း၊ နိုင်ငံတော်
အဆင့်တွင်သာ အသုံးပြုနိုင်သည့် အရင်းအမြစ်နှင့် နည်းပညာကျွမ်းကျင်မှုဆုံးရှုံးရခြင်းတို့ ဖြစ်ပေါ်စေတတ်
ပြန်သည်။
အစိုးရ အုပ်ချုပ်ရေးလုပ်ငန်းအဆင့်ဆင့်၏ လုပ်ပိုင်ခွင့်နှင့် တာဝန်များကို ဖွဲ့စည်းပုံအခြေခံဥပဒေတွင်
ချမှတ်ပြဋ္ဌာန်းပေးထားသည့် ဖက်ဒရယ်စနစ်သည် ဒေါင်လိုက်အာဏာခွဲဝေဖြန့်ဖြူးမှုကို မြှင့်တင်ခြင်း၊ ကာကွယ်
စောင့်ရှောက်ခြင်း နည်းလမ်းတစ်ခုဖြစ်သည်။ အစိုးရအာဏာအရပ်ရပ်ကို ခွဲဝေပေးခြင်းနှင့် ဒေသအကျိုးစီးပွား
ဦးစားပေးလမ်းစဉ်တို့ကဲ့သို့ ဗဟိုချုပ်ကိုင်မှုလျှော့ချသည့် ပို၍ပြင်လွယ်ပြောင်းလွယ်ရှိသောပုံစံများလည်း ရှိနေ
သည်မှာ အမှန်ဖြစ်သည်။ ဖြစ်ရပ်ပုံစံတစ်ခုစီတွင် တိုင်းပြည်တစ်ခုစီ၏ သမိုင်းကြောင်း၊ အစဉ်အလာ၊ လူမှုရေး
နှင့် နိုင်ငံရေးအခင်းအကျင်း၊ စီးပွားရေးသွင်းအားစုများ၊ ဖွံ့ဖြိုးရေးလိုအပ်ချက်များနှင့်အညီ ဗဟိုချုပ်ကိုင်မှု
လျှော့ချခြင်းနှင့် ဗဟိုချုပ်ကိုင်မှုရှိခြင်းတို့ကို စဉ်းစားသုံးသည်ရမည်ဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေဟူသည် အတူတကွ လက်ခံထားသော တန်ဖိုးများ၊ အမှတ်လက္ခဏာ သို့မဟုတ်
ရည်ရွယ်ချက်ကို ထင်ဟပ်ဖော်ပြချက်လည်း ဖြစ်နိုင်သည်။ ထိရောက်အကျိုးဖြစ်ထွန်းမှု၊ ရေရည်တည်တံ့မှု၊

ကျယ်ပြန့်သော အလေးထားမှုတို့ရရှိသည့် အခြေခံဥပဒေတစ်ခုဖြစ်ရန် ၎င်းတန်ဖိုးများ၊ အမှတ်လက္ခဏာများ၊
ရည်ရွယ်ချက်များနှင့်ပတ်သက်ပြီး အများကသဘောတူညီ လက်ခံကြောင်းကို ထင်ဟပ်နေစေရမည်။ လူ့
အဖွဲ့အစည်းတစ်ခု၏ သီးခြားအစိတ်အပိုင်းတစ်ခုမှ - ဥပမာ လွှမ်းမိုးကြီးစိုးသည့် ဒေသတစ်ခု၊ ဘာသာရေး၊
လူတန်းစား၊ နိုင်ငံရေးလမ်းစဉ် သို့မဟုတ် လူမျိုးတစ်မျိုး၏ အမှတ်လက္ခဏာနှင့် တန်ဖိုးများကို လူ့အဖွဲ့အစည်း၏
အခြားအစိတအ
် ပိင
ုး များသို့ အတင်းအကျပ်ချမှတရ
် န် ကြိုးပမ်းသည့် ဖွဲ့ စည်းပုအ
ံ ခြေခံဥပဒေမျိုးသည် လျော်ကန်
သင့်မြတ်စွာ လုပ်ငန်းလည်ပတ်ရန်လိုအပ်သည့် ကျယ်ပြန့်သော သဘောတူမျှမှုမျိုး မရရှိနိုင်ပေ။ တရားဝင်မှု
မရှိသော လက်နက်ကိရိယာအဖြစ် ထိုအခြေခံဥပဒေကို သတ်မှတ်ခံရလိမ့်မည်ဖြစ်ပြီး တည်ငြိမ်၍ တရားဝင်မှု
ရှိသော၊ ထိရောက်ပီပြင်သော အုပ်ချုပ်ရေးအတွက် အားလုံးလွှမ်းခြုံမည့်မူဘောင်ကို ပေးအပ်နိုင်မည့် အခြေခံ
ဥပဒေမဟုတ်ပေ။
ကျယ်ကျယ်ပြန့်ပြန့် လွှမ်းခြုံသည့် သဘောတူညီမှုများရရှိရန် လိုအပ်ချက်ဆိုသည်မှာ ဖြစ်နိုင်ပါက
အခြေခံဥပဒေသည် လူ့အဖွဲ့အစည်း၏ အတူတကွ လက်ခံထားသော တန်ဖိုးများ၊ အမှတ်လက္ခဏာနှင့် ရည်
ရွယ်ချက်များကို ထင်ဟပ်သင့်သည့် သဘောဖြစ်သည်။ ထိုသို့ထင်ဟပ်နေစေရန် အခြေခံဥပဒေ၏ ဖြစ်ပေါ်
တိုးတက်မှုတစ်ခုလုံးတွင် ပြည်သူတို့က ၎င်းတို့ကိုကိုယ်စားပြုဆောင်ရွက်ရန် ယုံကြည်သည့် ကိုယ်စားလှယ်
များမှ တဆင့်ဖြစ်စေ၊ လူထုဆွေးနွေးပွဲများမှ တိုက်ရိုက်ဖြစ်စေ မတူကွဲပြားသည့် ပြည်သူလူထု၏ ဆန္ဒများ
အားလုံးကိုနားစွင့်ကာ ပြည်သူ့အသံများကို ထင်ဟပ်နေစေရမည်။
သဘောတူညီမှုရရှိနိုင်သည့်

အတိုင်းအတာကမူ

အခြေအနေများအလိုက်

အပြောင်းအလဲရှိသည်။

အချို့အခြေခံ ဥပဒေများသည် သက်ဆိုင်ရာတိုင်းပြည်အလိုက် တိုင်းပြည်တစ်ခုလုံး၏ ယဉ်ကျေးမှုနှင့် အမှတ်
လက္ခဏာကို ပေါင်းစည်းဖော်ပြသည့် အခြေခံဥပဒေများဖြစ်သည်။ အမျိုးသားနိုင်ငံတစ်ခုရှိ တိုင်းပြည်တစ်ခုလုံး
၏ ယဉ်ကျေးမှု နှင့် အမှတ်လက္ခဏာာကို ပဋိပက္ခမရှိဘဲ ပေါင်းစည်းဖော်ပြနိုင်သည်။ အချို့အခြေခံဥပဒေများကမူ
တိုင်းရင်းသား အုပ်စုပေါင်းစုံ၊ နိုင်ငံရေးလမ်းစဉ်ပေါင်းစုံ၊ ဒေသပေါင်းစုံ၊ ဓလေ့ထုံးစံပေါင်းစုံ၊ ဘာသာရေး၊ ကျားမ
ဖြစ်တည်မှုခံယူချက်ပေါင်းစုံရှိကြသည့် ပြည်သူများအားလုံးသည် လူ့အဖွဲ့အစည်းအကျိုးကို မျှော်ကိုးသည့်
နိုင်ငံသားကောင်းစိတ်ဓာတ် အသီးသီးထားရှိကာ ပေါင်းစည်းခြင်းကို ဖော်ပြထားသည့် အခြေခံဥပဒေများ
ဖြစ်သည်။ အချို့သော အခြေခံဥပဒေများသည် သက်ဆိုင်ရာဒေသတစ်ခုအတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး
အခြေခံတစ်ခုပေးအပ်ရန် ညှိနှိုင်းထားသည့် ‘လက်တွေ့ဆန်သည့် လုပ်ထုံးလုပ်နည်းဆိုင်ရာ သဘောတူညီချက်

Inter nat ional IDE A Cons t it ut ion Br ief, A pr il 2017

3

များကိုသာအားပြုသည့် အခြေခံဥပဒေများဖြစ်သည်။ ထိုအခြေခံဥပဒေများသည် အတူတကွ လက်ခံထားကြ
သည့် အမှတ်လက္ခဏာ သို့မဟုတ် ဘုံရည်မှန်းချက်မှာ အားနည်းနေပြီး ချွင်းချက်အနေဖြင့်သာပါရှိသည်။
အခြေခံဥပဒေတွင် မျှော်မှန်းချက်၊ ရည်ရွယ်ချက်နှင့် အခြေခံမူများကို ဖော်ပြထားချက်များသည် အဓိဋ္ဌာန်
သဘော ဖြစ်လေ့ရှိသည်။ ဆိုလိုသည်မှာ လက်ရှိအခြေအနေတွင်ဖြစ်ပေါ်နေသည်ထက် နောင်အနာဂတ်တွင်
တိုးတက်သည့်အခြေအနေကို အခြေခံဥပဒေရေးဆွဲသူများက မြင်လိုသည့်အနေအထား အခြေခံဥပဒေတွင်
ထင်ဟပ်နေ ခြင်းဖြစ်သည်။ သို့သော် အခြေခံဥပဒေများသည် ပြောင်းလဲမှုသဘောသက်ဝင်နေသည်လည်း
ရှိနိုင်သည်။ အခြေခံဥပဒေတွင် ဖော်ပြပါရှိသည့် အခြေခံတန်ဖိုးစံများနှင့် အခြေခံမူများသည် မူဝါဒအပြောင်း
အလဲဖြစ်စေသည့်နည်းလမ်းဖြင့် ဥပဒေကြောင်းအရ အသက်ဝင်အောင် လုပ်နိုင်သည်။ ဥပမာအားဖြင့် လူ
နည်းစု ဘာသာစကားတစ်ခုကို အခြေခံဥပဒေတွင် တရားဝင်အသိအမှတ်ပြုလိုက်ခြင်းဖြင့် နောင်တစ်ချိန်တွင်
ထိုဘာသာစကားကို အသုံးပြုခြင်းအား ဟန့်တားခြင်း၊ တားဆီးခြင်းဖြင့် သက်ဆိုင်ရာလူတစ်စု၏ အမှတ်
လက္ခဏာ မျက်နှာစာတစ်ခုကို ဘေးဖယ်ထုတ်ခြင်းမျိုး အစိုးရတစ်ရပ်က မပြုလုပ်နိုင်စေရန် တားဆီးပေးနိုင်
သည်။ အလားတူ ခွဲခြားဆက်ဆံမှုမရှိရေးနှင့် ကျား၊မလိင်အခြေခံ ခွဲခြားဆက်ဆံမှုမျိုးမရှိရေး မူကဲ့သို့ အခြေခံ
ဥပဒေတွင် အလေးအမြတ်ထားဖော်ပြသည့် တန်ဖိုးများသည် ယင်းတန်ဖိုးများနှင့် ဖီလာဆန့်ကျင်ဖြစ်သည့်
ဥပဒေပြုခြင်း၊ စည်းမျဉ်းချမှတ်ခြင်းနှင့် နိုင်ငံတော်၏ဆောင်ရွက်ချက်တစ်ရပ်ရပ်ကို ကာကွယ်တားဆီးပေးမည့်
တရားရေးအထိုင်တစ်ခု ရရှိသွားစေသည်။

တရားရေး မှတ်တမ်းမှတ်ရာအနေဖြင့် အခြေခံဥပဒေများသည် နိုင်ငံတော်အာဏာကို လုပ်ထုံးလုပ်နည်း
အရ ကန့်သတ်မှုများ၊ ထဲထဲဝင်ဝင် ကန့်သတ်မှုများချမှတ်ထားလေ့ရှိသည်။
ထဲထဲဝင်ဝင် ကန့်သတ်မှုများသည် နိုင်ငံတော်၏ လုပ်ပိုင်ခွင့်အာဏာကို ကန့်သတ်မှုများဖြစ်သည်။ လူ့
အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာကိုဆန့်ကျင်၍ နိုင်ငံတော်၏ လုပ်ကိုင်ဆောင်ရွက်နိုင်စွမ်းကို ကန့်သတ်မှုများဖြစ်
သည်။ ဥပမာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် စုရုံးစည်းဝေးခွင့်ကို အခြေခံဥပဒေတွင် ကာကွယ်စောင့်
ရှောက်ပေးခြင်းဖြင့်လည်းကောင်း၊ တရားဥပဒေနှင့်မညီသော ဖမ်းစီးချုပ်နှောင်မှု၊ အဓမ္မလုပ်အားပေးခိုင်းစေမှု၊
ကြမ်းကြုတ်ရက်စက်သောအပြစ်ပေးမှုကို အခြေခံဥပဒေက တားမြစ်ပေးခြင်းအားဖြင့်လည်းကောင်း နိုင်ငံတော်
၏ လုပ်ပိုင်ခွင့်အာဏာကို ထဲထဲဝင်ဝင် ကန့်သတ်သည်။ ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ပတ်ဝန်းကျင်
ထိန်းသိမ်းစောင့်ရှောက်မှု၊ သဘာဝသယံဇာတများကို တာဝန်ယူမှုရှိရှိဖြင့် စီမံခန့်ခွဲမှုတို့ကဲ့သို့ နိုင်ငံသားများ
အတွက် အစိုးရကလုပ်ဆောင်ပေးသင့်သည်များကို ပြဋ္ဌာန်းဖော်ပြထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေများစွာ
ရှိသည်။
လုပ်ထုံးလုပ်နည်းဆိုင်ရာ ကန့်သတ်ချက်များသည် အကြွင်းမဲ့အာဏာကျင့်သုံးမှု၊ အကျင့်ပျက်ခြစားမှု၊
ဖိနှိပ်မှု၊ ခွဲခြားဆက်ဆံမှု၊ အစိုးရရာထူးအာဏာကို ကိုယ်ကျိုးအတွက် အလွဲသုံးစားပြုမှုတို့ကို ကာကွယ်တားဆီး
ရန် နိုင်ငံတော်၏လုပ်ဆောင်နိုင်မှုကို ကန့်သတ်ခြင်းဖြစ်သည်။ အုပ်ချုပ်ရေးနှင့် ဥပဒေကို လက်တွေ့ကျင့်သုံးရာ
တွင် လုပ်ထုံးလုပ်နည်းအရ တန်းတူညီမျှမှုကို မြှင့်တင်အားပေးသည့် ဥပဒေရေးရာ ရပိုင်ခွင့်များသည် လုပ်ထုံး
လုပ်နည်းဆိုင်ရာ ကန့်သတ်ချက်များထဲတွင် ပါဝင်နိုင်သည်။ ယင်းဥပဒေရေးရာ ရပိုင်ခွင့်များတွင် တရားမျှတ
သော ရုံးတင်စစ်ဆေးမှုရရှိစေရန် အာမခံသည့် ‘အစိုးရက ပြဋ္ဌာန်းဥပဒေများ၊ ပြည်သူ့အခွင့်အရေးများကို
လေးစားလိုက်နာခြင်း (due process)’ သို့မဟုတ် တစ်စုံတစ်ယောက်၏ ကိုယ်ပိုင်နည်းလမ်းဖြင့် စီမံဆောင်
ရွက်ပိုင်ခွင့်ကဲ့သို့ ရပိုင်ခွင့်များပါဝင်သည်။ ဆုံးဖြတ်ချက်များ ချမှတ်ပုံကိုပုံဖော်ချမှတ်သည့် အခြေခံဥပဒေလာ
ပြဋ္ဌာန်းချက်များ အားလုံးသည်လည်း လုပ်ထုံးလုပ်နည်းဆိုင်ရာ ကန့်သတ်ချက်များထဲတွင် ပါဝင်နိုင်သည်။

နိုင်ငံတော်၏ ဆောင်ရွက်ချက်ကို လမ်းညွှန်ပေးနိုင်သည့် နောက်ထပ်ပြုလေ့ပြုထရှိသော ဥပဒေရေးရာ
ကတိက ၀တ်မှာ နိုင်ငံတကာဥပဒေ သို့မဟုတ် အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်များကို အခြေခံဥပဒေ
အရ အသိအမှတ်ပြုမှုဖြစ်သည်။ အခြေခံဥပဒေအားလုံးနီးပါးသည် နိုင်ငံတကာဥပဒေများ၊ အပြည်ပြည်ဆိုင်ရာ
သဘောတူစာချုပ်များ၊ ကုလသမဂ္ဂကဲ့သို့ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများကို ရည်ညွှန်းဖော်ပြကြသည်။
အသိအမှတ် ပြုထားပြီးဖြစ်သော နိုင်ငံတကာဥပဒေကို အခြေခံဥပဒေအောက်တွင် အာဏာသက်ရောက်အောင်

Inter nat ional IDE A Cons t it ut ion Br ief, A pr il 2017

4

ကျင့်သုံးနိုင်သည်။ ဥပမာအားဖြင့် ၁၉၈၆ ခုနှစ် နီကာရာဂွာ အခြေခံဥပဒေတွင် ဗဟိုမှဒေသဆိုင်ရာ အစိုးရများ
သို့ အာဏာခွဲဝေပေးခြင်း မူဝါဒကိုလက်ခံခြင်း၊ ဌာနေတိုင်းရင်းသား အခွင့်အရေးများကို ခိုင်မာအားကောင်း
စေခြင်းစသည့် နိုင်ငံတကာစံချိန်စံညွှန်းများကို အခြေခံဥပဒေတွင် အကျုံးဝင်ကြောင်း ဖော်ပြထားသည်။ ထို
အခွင့်အရေးများကို နောင်တစ်ချိန်တွင် နီကာရာဂွာနိုင်ငံ၏ တရားရုံးချုပ်က အတည်ပြုပေးခဲ့ပြီး ထိုသို့အတည်ပြု
မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ၏

လိုက်ခြင်းသည် ယင်းနိုင်ငံ၏ အခြေခံဥပဒေပါ နိုင်ငံတကာဥပဒေကို လိုက်နာကျင့်သုံးရန် ကတိက၀တ်၌

ပုဒမ
် ၃၆၇ တွင် နိင
ု င
် သ
ာံးတိင
ုး ကျန်းမာရေး

မူတည်ပြီး ဖြစ်ပေါ်လာ ခြင်းဖြစ်သည်။ အနောက်အာဖရိက နိုင်ငံအတော်များများ၏ အခြေခံဥပဒေများတွင်လည်း

စောင်ေ
့ ရှာက်မခ
ှုံယူခွင့်ကို အောက်ပါအတိုင်း

အပြည်ပြည်ဆိုင်ရာ၊ ဒေသတွင်းလူ့အခွင့်အရေး စံချိန်စံညွှန်းများစွာ ပေါင်းစပ်ထည့်သွင်းထားသည်။ ထိုအပြည်

အသိအမှတ်ပြု ဖော်ပြထားသည်။
‘နိုင်ငံသားတိုင်းသည် နိုင်ငံတော်ကချမှတ်
ထားသော ကျန်းမာရေးဆိုင်ရာ မူဝါဒများနှင့်အညီ

ပြည်ဆိုင်ရာနှင့် ဒေသတွင်းလူ့အခွင့်အရေး စံချိန်စံညွှန်းများသည် လူ့အခွင့်အရေးအမှုတွဲများတွင် ပြည်တွင်း
တရားရုံးများက အတည်ပြုပြီး အကျိုးသက်ရောက်စေခဲ့သည့် လူ့အခွင့်အရေး စံချိန်စံညွှန်းများဖြစ်သည်။

ကျန်းမာရေးစောင့်ရှောက်မှုကို ခံယူခွင့်ရှိသည်။’
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၈ တွင်လည်း
“နိုင်ငံတော်သည် (က) ပြည်သူများ၏ ပညာရေး
နှင့် ကျန်းမာရေး တိုးတက်စေရေးတို့အတွက်
အလေးထား ဆောင်ရွက်ရမည်၊ . . . .
(ခ) ပြည်သူများ၏ ပညာရေးနှင့်ကျန်းမာရေး

လက်တွေ့ဖြတ်သန်းနေသည့် လူ့အဖွဲ့အစည်း၏ မျက်နှာစာတိုင်းအတွက် ဥပဒေများ၊ လုပ်ထုံးလုပ်နည်း
များကို အခြေခံဥပဒေက ပြဋ္ဌာန်းသတ်မှတ်ပေးခြင်းမပြုပါ။ ရေရှည်တွင် နိုင်ငံတော်၏ လုပ်ငန်းလည်ပတ်မှု
အတွက် အထွေထွေမူဘောင်အဖြစ် မျှော်မှန်းထားသည့် အခြေခံဥပဒေဟူသည် အသေးစိတ်အထိ နက်နက်နဲနဲ

တို့တွင် တိုင်းရင်းသားပြည်သူများက ပါဝင်

အကျယ်ချဲ့ပါက လက်တွေ့မကျနိုင်တော့သလို၊ အကျိုးပြုသည့် အခြေခံဥပဒေလည်း မဖြစ်နိုင်တော့ပေ။ လူ့

ဆောင်ရွက်နိုင်ရန် လိုအပ်မည့်ဥပဒေပြဋ္ဌာန်း

အဖွဲ့အစည်း၏ အခြေအနေအသီးသီးနှင့် လိုအပ်ချက်အသီးသီးသည် နောင်တစ်ချိန် မည်သို့ဖြစ်ပေါ်လာမည်ကို

ဆောင်ရွက်ရမည် . . .” ဟု ဖော်ပြထားသည်။

အတိ အကျဟောကိန်းထုတ်ရန် မဖြစ်နိုင်၍ အခြေခံဥပဒေကို ခရေစေ့တွင်းကျ အသေးစိတ်ရေးဆွဲရန် မဖြစ်
နိုင်ပေ။
သာဓကတစ်ခုပြရလျှင် ကျန်းမာရေးကိစ္စရပ်နှင့်ပတ်သက်၍ အခြေခံဥပဒေ တော်တော်များများတွင်
ကျန်းမာရေးစောင့်ရှောက်မှုရရှိခွင့်ကို နိုင်ငံတော်က ဖြည့်ဆည်းပေးရန် အတိအလင်းဖော်ပြကြသည်။ ကျန်းမာ
ရေးစောင့်ရှောက်မှု၏ ထွေပြားမှုနှင့် ကျန်းမာရေးကို မြှင့်တင်အားပေးရန်နှင့် စောင့်ရှောက်မှုပေးရန် နည်းလမ်း
အမြောက်အများရှိနေသည့်အပြင် ကျန်းမာရေးစောင့်ရှောက်မှုစနစ်များနှင့် လုပ်ထုံးလုပ်နည်းများ မြန်ဆန်စွာ
အဆင့်မြင့်သထက်မြင့်လာပြီး ဖွံ့ဖြိုးလာခြင်းတို့ကြောင့် အခြေခံဥပဒေသည် ကျန်းမာရေး စောင့်ရှောက်မှုစနစ်ကို
အသေးစိတ်သတ်မှတ်ဖော်ပြရန် အကောင်းဆုံးနေရာတစ်ခုမဟုတ်ပါ။ ထိုသို့သော အသေးစိတ်ဖော်ပြရန်
လိုသည်များကို ၀န်ဆောင်မှုပေးအပ်ရန် အထိရောက်အပီပြင်ဆုံး အဆင့်များရှိ ဥပဒေရေးဆွဲခြင်း၊ နည်းဥပဒေ
ရေးဆွဲခြင်းတို့တွင် ထည့်သွင်းရေးဆွဲရသည်။ ကျန်းမာရေးစောင့်ရှောက်မှုစနစ်၏ ပုံစံ၊ ကျန်းမာရေးကဏ္ဍကို
တာဝန်ယူမှု၊ ကျန်းမာရေးစောင့်ရှောက်မှု ရရှိနိုင်ခွင့်တို့နှင့်ပတ်သက်၍ အခြေခံဥပဒေတစ်ခုတွင် အသေးစိတ်
ဖော်ပြသည့် အတိုင်းအတာကမူ ကျယ်ပြန့်သည့် စကားရပ်များဖြင့်ဖော်ပြလေ့ရှိသည်။ ကျန်းမာရေးစောင့်ရှောက်
မှုစနစ်၏ လုပ်ငန်းလည်ပတ်မှု၊ လုပ်ထုံးလုပ်နည်း၊ ဘဏ္ဍာငွေကြေးထောက်ပံ့မှုတို့အတွက် အခြေခံဥပဒေတွင်
အသေးစိတ် ဖော်ပြခြင်းမရှိသလို၊ ဖော်ပြခြင်းလည်းမပြုနိုင်ပါ။ ထိုအသေးစိတ်ဖော်ပြရန် လိုသည်များကို
မျှော်မှန်းထားပြီးဖြစ်သည့် ကျန်းမာရေးစောင့်ရှောက်မှုရပိုင်ခွင့်အား ကာကွယ်ပေးခြင်း၊ ဖြည့်ဆည်းပေးခြင်းတို့
အတွက် အာမခံပေးမည်